ပရိသတ် ကြီးရေ သရုပ်ဆောင် မေပန်းချီ က တော့ မိခင် ဆုံးရှုံးထားတဲ့သမီးတစ်ယောက်ဖြစ်တဲ့အတွက် သူမရဲ့ ရင်ထဲမှာ အမေအရွယ်တွေ ဒုက္ခရောက်တာတွေ့ရင် တတ်နိုင်သ၍ ကူညီထောက်ပံ့ပေးတတ်သူပါ။သူမရဲ့မိခင်ရှိနေစဉ်ကလည်း မေပန်းချီဟာ ကိုယ်တိုင်ဝင်ငွေရှာပြီး ကိုယ်တိုင် ပြုစုပေးခဲ့တဲ့ တာဝန်ကျေတဲ့ သမီး တစ်ဦးဖြစ်ပါတယ်။ဒီကနေ့မှာတော့ မေပန်းချီက သူမအနေနဲ့ စေတနာထားပြီး ကူညီခဲ့တဲ့အပေါ် လိမ်လည်ခြင်းခံခဲ့ရတဲ့အကြောင်းကို အခုလိုပဲပြောလာပါ တယ် ။
မေပန်းချီ က “ လူလိမ်ပါနော်။ သတိထားလို့ရအောင် (၁)သိန်းလဲလှူပြီး သိန်း(၃၀)ထပ်အလှူခံပါတယ်။ ဖုန်းခေါ်ပြီး ခလေးပုံပြပါဆို တော့ မကိုင်ပါဘူး။ ဘလော့သွားပါတယ်။ နောက်လူများသတိထားလို့ရအောင်ပါ။ တချို့ အနုပညာရှင်တွေစီကလဲ အများကြီးရနေပါပြီ။ ကလေးပုံကလဲ အသက်မရှိလောက်တော့ပါဘူး (ကျွန်မအထင်)။ ကျွန်မမြင်ဖူးတာကြာပြီမို့ အယုံမလွယ်ဖို့ပါ။ လိမ်မှန်းသိရက်နဲ့လှူတာပါ။ ရလဲပြီးရော ဘလော့သွားပါတယ်။ အနုပညာရှင်တွေရဲ့ post တိုင်းမှာ မန့်တွေ တောက်လျှောက်ဝင်မန့်ပါတယ် ။ လူလိမ်ပါ ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။
မေပန်းချီ က တော့ လူတိုင်းအပေါ် စေတနာထားပြီး ကူညီလုပ်သလို အခုလိုလူလိမ်လူညာတွေနဲ့ တွေ့ကြုံရတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။ အားလုံးလည်း အလိမ်အညာတွေကို သတိထား ကြပါလို့ သတိပေးလိုက် ပါတယ်နော် ။
crd :
zawgyi
crd :