လူလေး ချစ်စရာ ကောင်းသလို စကားပြောတာလည်း ချစ်စရာ ကောင်းတဲ့ မင်းသမီးချောလေး မေသဇင်အောင်ကတော့ ဗီဒီယိုဇာတ်ကားတွေမှာ ပရိသတ်ကြီးမြင်ဖူး ပြီးသားဖြစ်မျာပါ။ မေသဇင်အောင်ဟာ နာမည်ကြီးမင်းသားအောင်ရဲလင်းနဲ့ ချစ်ကြိုက်နေတယ်လို့ ပရိသတ်တွေကထင်ခဲ့ရာမှ သူမနဲ့ အောင်ရဲလင်းဟာ သာမာန်ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးသာရှိတယ်လို့ အင်တာဗျူးဗီဒီယိုတစ်ခုမှာ ဖွင့်ဟပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် မေသဇင်အောင်ဟာ ဝေဖန်မှုတွေခံခဲ့ရသလို မိန်းကလေးအချင်းချင်း မစာမနာပြောဆိုမှုတွေနဲ့လည်း ကြုံနေရကြောင်း အခုလိုပဲ ရင်ဖွင့်လာပါ တယ် ။
မေသဇင်အောင် က “ဒီတလော စိတ်နဲ့ကိုယ်နဲ့မကပ်ဘူး။ ကိုယ့်ကိုကိုယ် ဘာတွေပြောခဲ့ ဘာတွေလုပ်ခဲ့လဲတောင်ပြန်မမှတ်မိလောက်အောင်ကို အာရုံစူးစိုက်မှုတွေ အားနည်းနေတယ်။ ခန္ဓာရှိနေသ၍ စိတ်ကတော့ရှိနေမှာပဲလေ။ ငါလည်းလူဆိုတော့ ခံစားတတ်တယ်။ နှမသားချင်း မစာမနာရိုင်းစိုင်းစွာပြောဆိုသူတွေ မိန်းကလေးအချင်းချင်း ကိုယ်ချင်းစာနာစတရားမရှိပဲ မနာလိုမုန်းတီး တိုက်ခိုက်သူတွေအားလုံးကို တန်းစီပြီး ဘလော့ခ် လုပ်လိုက်ပါပြီရှင့်။ ဘလော့ခ် ခံထိလို့ ပိုမုန်းလည်း ကိုယ့်အကုသိုလ်နဲ့ကိုယ်ပဲ။ လူဆိုတာ ဘောင်အတွင်းကနေပြီး ဘောင်အတွင်းက စကားပြောရတယ်။ ကိုယ်ပြောဆိုလိုက်တဲ့ စကားတွေက ကိုယ့်အဆင့်အတန်းကိုဖော်ပြနေတယ်ဆိုတာ နားလည်သဘောပေါက်သင့်တယ်။ အေးဆေးနေချင်လို့ ဘာမှပြန်မတုံ့ပြန်တာကို ရောင့်မတက်လာကြနဲ့” ဆိုပြီး သူမရဲ့ Story မှာ ရေးသားခဲ့တာပဲဖြစ်ပါတယ်။
မေသဇင်အောင် က တော့ သူနဲ့အောင်ရဲလင်းတို့ရဲ့ ဆက်ဆံရေးကို ပွင့်လင်းစွာဖွင့်ဟလာပြီးနောက်မှာတော့ အောင်ရဲလင်းကိုချစ်တဲ့ပရိသတ်တွေနဲ့ အခြားသောသူတွေရဲ့ ဝေဖန်မှုကိုပြင်းပြင်းထန်ထန်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း မေသဇင်အောင်က သူမကိုဝေဖန်ကြသူတွေကို ဖေ့စ်ဘုတ်မှာ ဘလော့ခ် ထားခြင်းနဲ့ မတုံ့ပြန်ပဲနေနေခဲ့တယ်လို့ပြောလာတာပဲဖြစ်ပါ တယ် ။
source : May Thazin Aung ’ s f b
zawgyi
လူေလး ခ်စ္စရာ ေကာင္းသလို စကားေျပာတာလည္း ခ်စ္စရာ ေကာင္းတဲ့ မင္းသမီးေခ်ာေလး ေမသဇင္ေအာင္ကေတာ့ ဗီဒီယိုဇာတ္ကားေတြမွာ ပရိသတ္ႀကီးျမင္ဖူး ၿပီးသားျဖစ္မ်ာပါ။ ေမသဇင္ေအာင္ဟာ နာမည္ႀကီးမင္းသားေအာင္ရဲလင္းနဲ႔ ခ်စ္ႀကိဳက္ေနတယ္လို႔ ပရိသတ္ေတြကထင္ခဲ့ရာမွ သူမနဲ႔ ေအာင္ရဲလင္းဟာ သာမာန္ခင္မင္ရင္းႏွီးတဲ့ ဆက္ဆံေရးသာရွိတယ္လို႔ အင္တာဗ်ဴးဗီဒီယိုတစ္ခုမွာ ဖြင့္ဟေျပာျပလာခဲ့တာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ ေမသဇင္ေအာင္ဟာ ေဝဖန္မႈေတြခံခဲ့ရသလို မိန္းကေလးအခ်င္းခ်င္း မစာမနာေျပာဆိုမႈေတြနဲ႔လည္း ၾကဳံေနရေၾကာင္း အခုလိုပဲ ရင္ဖြင့္လာပါ တယ္ ။
ေမသဇင္ေအာင္ က “ဒီတေလာ စိတ္နဲ႔ကိုယ္နဲ႔မကပ္ဘူး။ ကိုယ့္ကိုကိုယ္ ဘာေတြေျပာခဲ့ ဘာေတြလုပ္ခဲ့လဲေတာင္ျပန္မမွတ္မိေလာက္ေအာင္ကို အာ႐ုံစူးစိုက္မႈေတြ အားနည္းေနတယ္။ ခႏၶာရွိေနသ၍ စိတ္ကေတာ့ရွိေနမွာပဲေလ။ ငါလည္းလူဆိုေတာ့ ခံစားတတ္တယ္။ ႏွမသားခ်င္း မစာမနာရိုင္းစိုင္းစြာေျပာဆိုသူေတြ မိန္းကေလးအခ်င္းခ်င္း ကိုယ္ခ်င္းစာနာစတရားမရွိပဲ မနာလိုမုန္းတီး တိုက္ခိုက္သူေတြအားလုံးကို တန္းစီၿပီး ဘေလာ့ခ္ လုပ္လိုက္ပါၿပီရွင့္။ ဘေလာ့ခ္ ခံထိလို႔ ပိုမုန္းလည္း ကိုယ့္အကုသိုလ္နဲ႔ကိုယ္ပဲ။ လူဆိုတာ ေဘာင္အတြင္းကေနၿပီး ေဘာင္အတြင္းက စကားေျပာရတယ္။ ကိုယ္ေျပာဆိုလိုက္တဲ့ စကားေတြက ကိုယ့္အဆင့္အတန္းကိုေဖာ္ျပေနတယ္ဆိုတာ နားလည္သေဘာေပါက္သင့္တယ္။ ေအးေဆးေနခ်င္လို႔ ဘာမွျပန္မတုံ႔ျပန္တာကို ေရာင့္မတက္လာၾကနဲ႔” ဆိုၿပီး သူမရဲ့ Story မွာ ေရးသားခဲ့တာပဲျဖစ္ပါတယ္။
ေမသဇင္ေအာင္ က ေတာ့ သူနဲ႔ေအာင္ရဲလင္းတို႔ရဲ့ ဆက္ဆံေရးကို ပြင့္လင္းစြာဖြင့္ဟလာၿပီးေနာက္မွာေတာ့ ေအာင္ရဲလင္းကိုခ်စ္တဲ့ပရိသတ္ေတြနဲ႔ အျခားေသာသူေတြရဲ့ ေဝဖန္မႈကိုျပင္းျပင္းထန္ထန္ရရွိခဲ့တာပဲျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေမသဇင္ေအာင္က သူမကိုေဝဖန္ၾကသူေတြကို ေဖ့စ္ဘုတ္မွာ ဘေလာ့ခ္ ထားျခင္းနဲ႔ မတုံ႔ျပန္ပဲေနေနခဲ့တယ္လို႔ေျပာလာတာပဲျဖစ္ပါ တယ္ ။
source : May Thazin Aung ’ s f b