သရုပ်ဆောင် ဥက္ကာမင်းမောင် က တော့ တစ်ချိန် က မော်ဒယ်လ် တစ်ယောက်အဖြစ် လူသိများအောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဥက္ကာမင်းမောင်ဟာ နိုင်ငံရပ်ခြားကိုထွက်ခွာသွားခဲ့ပြီး အနုပညာအလုပ်တွေနဲ့ အနည်းငယ်အလှမ်းဝေးသွားခဲ့တာပဲဖြစ်ပါတယ်။ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နဲ့ နေတတ်တဲ့ ဥက္ကာမင်းမောင်ဟာ ဒီကနေ့မှာတော့ သူရော သူ့မိသားစုရော ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ရင်ဖွင့်လာပါတယ်။
ဥက္ကာမင်းမောင် က “ဘဝမှာ လူတိုင်း မျှော်လင့်ချက်နဲ့ အသက်ဆက်ရှင်ကြတယ်.. ကျွန်တော်အခုအချိန်မှာ အဖြစ်ချင်ဆုံးမျှော်လင့်ချက်တခုက မေကြီး ရဲ့ အသက်ကို ဆွဲဆန့်နိုင်သလောက် ဆွဲဆန့်ဖို့..မေကြီး အသက်ရှည်ကျန်းမာဖို့ နဲ့ တူတူပြန်လည်ဆုံစည်းဖို့ပါပဲ.. မေကြီးနဲ့ မတွေ့ရတာ ၃ နှစ်ကျော်သွားပြီ.. မေကြီးနဲ့ သားတို့ အသက်ရှင်လျက် ပြန်ဆုံဖို့ မေကြီး စိတ်ကို ခိုင်ခိုင်ထားပြီး ဒီတောင်ကို ကျော်နိုင်ဖို့ ကြိုးစားပေးပါ.. Stage 4 အဆင့်ကို အရောက်ခံလို့မဖြစ်ဘူး.. သားမေကြီးရဲ့ ကင်ဆာကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင် ကုမယ်..” ဆိုပြီး ရင်ဖွင့်သလို သူတို့မိသားစုရဲ့ အခက်အခဲတွေကို အခုလိုပဲ Live လွှင့်ပြီးပြောလာခဲ့တာပဲဖြစ်ပါတယ်။
ဥက္ကာမင်းမောင် က တော့ မိသားစုအကြွေးတွေချည်းပဲ သိန်းတစ်သောင်းတစ်ထောင်ရှိနေသလို သူ့ရဲ့အမေဟာလည်း ရင်သားကင်ဆာအဆင့် (၄) ကို မကြာခင်ရောက်တော့မှာမို့ ဆေးကုသဖို့စရိတ်တွေရှိကြောင်း ဝမ်းနည်းပက်လက်ရင်ဖွင့်လာတာပဲဖြစ်ပါတယ်။ ဥက္ကာမင်းမောင်ဟာ မိသားစုပြဿနာတွေကို တတ်နိုင်သလောက်လေးဖြေရှင်းနိုင်ဖို့ သူ့ရဲ့ စာအုပ်လေးကိုလည်း ထုတ်ဝေဖို့ပြင်ဆင်နေပြီမို့ ပရိသတ်တွေကလည်း ဥက္ကာမင်းမောင်ရဲ့စာအုပ်လေးကို ဝယ်ယူအားပေးခြင်းနဲ့ ကူညီပေးကြပါလို့လည်း တောင်းဆိုလိုက်ပါတယ်နော်။
source : Okkar Min Maung ’ s f b
zawgyi
သ႐ုပ္ေဆာင္ ဥကၠာမင္းေမာင္ က ေတာ့ တစ္ခ်ိန္ က ေမာ္ဒယ္လ္ တစ္ေယာက္အျဖစ္ လူသိမ်ားေအာင္ျမင္ခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဥကၠာမင္းေမာင္ဟာ နိုင္ငံရပ္ျခားကိုထြက္ခြာသြားခဲ့ၿပီး အႏုပညာအလုပ္ေတြနဲ႔ အနည္းငယ္အလွမ္းေဝးသြားခဲ့တာပဲျဖစ္ပါတယ္။ အျမဲတမ္းေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ေနတတ္တဲ့ ဥကၠာမင္းေမာင္ဟာ ဒီကေန႔မွာေတာ့ သူေရာ သူ႔မိသားစုေရာ ရင္ဆိုင္ေနရတဲ့ ျပႆနာေတြကို ရင္ဖြင့္လာပါတယ္။
ဥကၠာမင္းေမာင္ က “ဘဝမွာ လူတိုင္း ေမၽွာ္လင့္ခ်က္နဲ႔ အသက္ဆက္ရွင္ၾကတယ္.. ကၽြန္ေတာ္အခုအခ်ိန္မွာ အျဖစ္ခ်င္ဆုံးေမၽွာ္လင့္ခ်က္တခုက ေမႀကီး ရဲ့ အသက္ကို ဆြဲဆန႔္နိုင္သေလာက္ ဆြဲဆန႔္ဖို႔..ေမႀကီး အသက္ရွည္က်န္းမာဖို႔ နဲ႔ တူတူျပန္လည္ဆုံစည္းဖို႔ပါပဲ.. ေမႀကီးနဲ႔ မေတြ႕ရတာ ၃ ႏွစ္ေက်ာ္သြားၿပီ.. ေမႀကီးနဲ႔ သားတို႔ အသက္ရွင္လ်က္ ျပန္ဆုံဖို႔ ေမႀကီး စိတ္ကို ခိုင္ခိုင္ထားၿပီး ဒီေတာင္ကို ေက်ာ္နိုင္ဖို႔ ႀကိဳးစားေပးပါ.. Stage 4 အဆင့္ကို အေရာက္ခံလို႔မျဖစ္ဘူး.. သားေမႀကီးရဲ့ ကင္ဆာကို မျဖစ္ျဖစ္တဲ့နည္းနဲ႔ ရေအာင္ ကုမယ္..” ဆိုၿပီး ရင္ဖြင့္သလို သူတို႔မိသားစုရဲ့ အခက္အခဲေတြကို အခုလိုပဲ Live လႊင့္ၿပီးေျပာလာခဲ့တာပဲျဖစ္ပါတယ္။
ဥကၠာမင္းေမာင္ က ေတာ့ မိသားစုအေႂကြးေတြခ်ည္းပဲ သိန္းတစ္ေသာင္းတစ္ေထာင္ရွိေနသလို သူ႔ရဲ့အေမဟာလည္း ရင္သားကင္ဆာအဆင့္ (၄) ကို မၾကာခင္ေရာက္ေတာ့မွာမို႔ ေဆးကုသဖို႔စရိတ္ေတြရွိေၾကာင္း ဝမ္းနည္းပက္လက္ရင္ဖြင့္လာတာပဲျဖစ္ပါတယ္။ ဥကၠာမင္းေမာင္ဟာ မိသားစုျပႆနာေတြကို တတ္နိုင္သေလာက္ေလးေျဖရွင္းနိုင္ဖို႔ သူ႔ရဲ့ စာအုပ္ေလးကိုလည္း ထုတ္ေဝဖို႔ျပင္ဆင္ေနၿပီမို႔ ပရိသတ္ေတြကလည္း ဥကၠာမင္းေမာင္ရဲ့စာအုပ္ေလးကို ဝယ္ယူအားေပးျခင္းနဲ႔ ကူညီေပးၾကပါလို႔လည္း ေတာင္းဆိုလိုက္ပါတယ္ေနာ္။
source : Okkar Min Maung ’ s f b