သရုပ် ဆောင် လမင်းကဗျာ က တော့ ဗီဒီယို ဇာတ်ကားတွေနဲ့ ရုပ်ရှင် ဇာတ်ကား ကြီးတွေမှာ ဇာတ်ပို့ သရုပ်ဆောင် တစ်ယောက် အဖြစ် ပရိသတ်ကြီး သတိ ထားမိပြီးသားဖြစ်မှာပါ။ လမင်းကဗျာဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကျော်တိုင် ကျင်လည်ခဲ့ပြီးနောက် အခုဆိုရင် DJ တစ်ယောက်အဖြစ်ပါ ရပ်တည်နေပြီပဲဖြစ်ပါတယ်။ DJ တစ်ယောက်အဖြစ်အောင်မြင်စပြုပြီး ပွဲတွေတီးနေရပြီဖြစ်တဲ့ လမင်းကဗျာက ဒီကနေ့မှာတော့ သူမရရှိခဲ့တဲ့အနုပညာကြေးတွေနဲ့ အဖေနဲ့ အမေကို ကန်တော့ခဲ့ကြောင်း ပြောပြလာပါ တယ် ။
လမင်းကဗျာ က “ဟုမ္မလင်းမှာ ပွဲသွားဆိုပီး ရတဲ့ ပိုက်ဆံလေးတွေ ဖေကြီးမေကြီးကို ကန်တော့မယ် ရွှေထွက်တဲ့ အရပ်ဒေသဆိုတော့ ရွှေလေးတွေ ဝယ်ခဲ့တယ်။ အဖေနဲ့ အမေ ပျော်ဖို့က အဓိက ” ဆိုပြီး သူမရဲ့ မိဘနှစ်ပါးကို သူမတတ်နိုင်တဲ့အင်အားလေးတွေနဲ့ ပျော်ရွှင်အောင် ဖြည့်ဆည်းပေးခဲ့ကြောင်း ဝေမျှလာပါ တယ် ။
လမင်းကဗျာ က တော့ မိဘကိုသိတတ်သူတစ်ယောက်ဖြစ်တာကြောင့် ဘာလေးပဲလုပ်လုပ်အောင်မြင်မှုတွေရရှိမယ်ဆိုတာ သေချာပါတယ်။ လပြည့်ကဗျာလည်း DJ Moon အဖြစ် ပွဲတွေအများကြီးတီးရပြီး ပိုက်ဆံတွေအများကြီးရရှိပါ စေလို့ ဆုတောင်းပေး လိုက်ပါတယ်နော် ။
source : Lamin Kabyar ’ s f b
zawgyi