အဆင်မပြေမှုတွေနဲ့ အခက်ခဲတွေကို စောင့်ရှောက်ကူညီပေးခဲတဲ့ ယုန်လေးကို ကန်တော့ခဲ့တဲ့ သရုပ်ဆောင်သင်ဇာမြင့်မိုရ်

Posted on

သရုပ် ဆောင် သဉ္ဇာမြင့်မိုရ် က တော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေ မှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ် ။ သဉ္ဇာမြင့်မိုရ်က စစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ စစ်တပ်ဘက်ကရပ်တည်ခဲ့ပြီး စစ်တပ်ထောက်ခံသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရသူဖြစ်ပါ တယ် ။ သဉ္ဇာမြင့်မိုရ်ကတော့ လက်ရှိအချိန်ထိလည်း စစ်တပ်လက်အောက်ခံသရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာအလုပ်တွေ လုပ်ကိုင်နေဆဲ ဖြစ်ပါ တယ် ။

ဒီကနေ့မှာ တော့ သဉ္ဇာမြင့်မိုရ်က အဆိုတော်ယုန်လေးကို သူမရဲ့ချစ်သူနဲ့အတူတူ သွားရောက်ကန်တော့ခဲ့တဲ့ပုံကို မျှဝေခဲ့ကာ “ချစ်ရတဲ့ အစ်ကို ကိုယုန်လေးသို့ ဂါရဝ  အကျိုးအမြတ်မမျှော်ကိုးပဲ အခက်အခဲတွေ အဆင်မပြေမှုတွေကို အချိန်မအား ပင်ပန်းနေတဲ့ကြားက ကူညီစောင့်ရှောက်ပေးခဲ့တဲ့ ကျေးဇူးရှင်တစ်ဦးမို့ ရင်ထဲက လေးလေးနက်နက်နဲ့ တကယ်ကို ကျေးဇူးတင်ရင်း သက်ရှည်ကျန်းမာစွာနဲ့ ပိုမိုပျော်ရွှင်အောင်မြင်စွာနေထိုင်နိုင်ပါစေလို့ ပြန်လည်ဆုတောင်းပေးပါတယ်.. ကိုယုန်ရေ  ” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာပါတယ်။

သဉ္ဇာမြင့်မိုရ်ကတော့ ယုန်လေးကို အခက်အခဲရှိတိုင်း ကူညီစောင့်ရှောက်ပေးဖူးခဲ့တယ်ဆိုပြီး ကျေးဇူးတင်စွာ ထိုင်ကန်တော့ခဲ့တာပဲဖြစ်ပါတယ်။ ယုန်လေးကလည်း စစ်အာဏာရှင်တွေကိုလိုလားထောက်ခံသူတစ်ယောက်ဖြစ်တာကြောင့် ပြည်သူတွေရဲ့ Boycott လုပ်ခြင်းခံထားရသူတစ်ယောက်ပဲဖြစ်ပါတယ်။

Source :  Thinzar  Myintmo ’ s  fb

zawgyi

သ႐ုပ္ ေဆာင္ သဥၨာျမင့္မိုရ္ က ေတာ့ ႐ုပ္ရွင္နဲ႔ ဗီဒီယို ဇာတ္ကားေတြ မွာ ပါဝင္သ႐ုပ္ေဆာင္ရင္း ပရိသတ္ေတြရဲ့ အားေပးမႈကို ရရွိခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္ ။ သဥၨာျမင့္မိုရ္က စစ္အာဏာသိမ္းမႈျဖစ္စဥ္မွာ စစ္တပ္ဘက္ကရပ္တည္ခဲ့ၿပီး စစ္တပ္ေထာက္ခံသူတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ့ ေဝဖန္မႈကို ခံခဲ့ရသူျဖစ္ပါ တယ္ ။ သဥၨာျမင့္မိုရ္ကေတာ့ လက္ရွိအခ်ိန္ထိလည္း စစ္တပ္လက္ေအာက္ခံသ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ အႏုပညာအလုပ္ေတြ လုပ္ကိုင္ေနဆဲ ျဖစ္ပါ တယ္ ။

ဒီကေန႔မွာ ေတာ့ သဥၨာျမင့္မိုရ္က အဆိုေတာ္ယုန္ေလးကို သူမရဲ့ခ်စ္သူနဲ႔အတူတူ သြားေရာက္ကန္ေတာ့ခဲ့တဲ့ပုံကို မၽွေဝခဲ့ကာ “ခ်စ္ရတဲ့ အစ္ကို ကိုယုန္ေလးသို႔ ဂါရဝ  အက်ိဳးအျမတ္မေမၽွာ္ကိုးပဲ အခက္အခဲေတြ အဆင္မေျပမႈေတြကို အခ်ိန္မအား ပင္ပန္းေနတဲ့ၾကားက ကူညီေစာင့္ေရွာက္ေပးခဲ့တဲ့ ေက်းဇူးရွင္တစ္ဦးမို႔ ရင္ထဲက ေလးေလးနက္နက္နဲ႔ တကယ္ကို ေက်းဇူးတင္ရင္း သက္ရွည္က်န္းမာစြာနဲ႔ ပိုမိုေပ်ာ္ရႊင္ေအာင္ျမင္စြာေနထိုင္နိုင္ပါေစလို႔ ျပန္လည္ဆုေတာင္းေပးပါတယ္.. ကိုယုန္ေရ  ” ဆိုၿပီး သူမရဲ့ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ မၽွေဝလာပါတယ္။

သဥၨာျမင့္မိုရ္ကေတာ့ ယုန္ေလးကို အခက္အခဲရွိတိုင္း ကူညီေစာင့္ေရွာက္ေပးဖူးခဲ့တယ္ဆိုၿပီး ေက်းဇူးတင္စြာ ထိုင္ကန္ေတာ့ခဲ့တာပဲျဖစ္ပါတယ္။ ယုန္ေလးကလည္း စစ္အာဏာရွင္ေတြကိုလိုလားေထာက္ခံသူတစ္ေယာက္ျဖစ္တာေၾကာင့္ ျပည္သူေတြရဲ့ Boycott လုပ္ျခင္းခံထားရသူတစ္ေယာက္ပဲျဖစ္ပါတယ္။

Source :  Thinzar  Myintmo ’ s  fb