ထက်ထက်ထွန်း က တော့ Miss Universe ပြိုင်ပွဲ ကြီးမှာ မြန်မာနိုင်ငံအတွက် National Costume ဆုကို ဆွတ်ခူးပေးနိုင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်သလို ရုပ်ရှင်ဇာတ်လမ်းတွေရိုက်ကူးနေတဲ့ မင်းသမီးတစ်ယောက်အဖြစ်ရပ်တည်နေပြီဖြစ်ပါတယ် ။ ထက်ထက်ထွန်းဟာ “သမီးဆိုး” ဇာတ်ကားနဲ့လည်းအောင်မြင်မှုတွေအကြီးအကျယ်ရရှိနေပြီး အခုဆိုရင် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ခံယူနေရတာပဲဖြစ်ပါတယ်။ လူစိတ်ဝင်စားမှုရလာတာနဲ့အမျှ နာမည်ဖျက်အပုပ်ချချင်သူတွေကြောင့် ဒီကနေ့မှာတော့ ထက်ထက်ထွန်းက ငွေရေးကြေးရေးအရှုပ်အရှင်းလုပ်ပြီး ပြဿနာထဲဆွဲထည့်တဲ့ ဒါရိုက်တာရာဇဝင်ကိုကိုနဲ့ ချေးငွေလုပ်ငန်းတစ်ခုကို တရားစွဲမယ်လို့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါ တယ် ။
ထက်ထက်ထွန်း က “ဒါရိုက်တာ ရာဇဝင်ကိုကို နှင့် AC Finance ချေးငွေလုပ်ငန်းအား တရားစွဲဆိုမည်ဖြစ်ကြောင်း ပြင်းထန်စွာသတိပေးခြင်း။ ၄.၂.၂၀၂၃ မနက် ၁၀:၂၅ တွင် ကျမ ထက်ထက်ထွန်း၏ဖုန်းသို့ ပုံပါဖုန်းနံပါတ်မှ ဖုန်းဆက်လာ၍ သူတို့သည် AC finance မှဖြစ်ကြောင်း ရာဇဝင်ကိုကိုသည် သူတို့ထံမှ ငွေချေးထားပြီး ဆက်သွယ်၍မရကြောင်း ဆက်သွယ်ပေးရန် ပြောလာပါသည်။ သူငွေချေးသည့်ကိစ္စ ထက်ဆီဘာလို့ဆက်တာလည်းမေးတော့ သူ့ဆီဆက်သွယ်မရရင် ထက်ဖုန်းဆီဆက်ပါဟု နံပါတ်ပေးခဲ့လို့ပါတဲ့။ ထက်က ရာဇဝင်နဲ့ ရုပ်ရှင်တစ်ကားသာရိုက်ဖူး၍ အဲ့တစ်ကြိမ်သာ ဆုံဖူးသော ဒါရိုက်နဲ့ မင်းသမီး ဆက်ဆံရေးဘဲ ရှိသောကြောင့် ဒီကိစ္စတွင် ဘာမှ မဆိုင်ကြောင်း ဝင်မပါလိုကြောင်းပြောတော့ ဖုန်းဆက်လာသူဘက်မှ ခုပြောနေတဲ့ ထက်ထက်ထွန်းက … MUM ထက်ထက်ထွန်း ၊ NC ဆုရတဲ့ ရွှေပုံလားဆိုတော့ ၊ ဟုတ်ကဲ့ပါဆိုတာကို … တစ်ယောက်က ဘေးကြကြားတော့ ရွှေပုံအိပ်နေတာ သွားမနှောက်ယှက်နဲ့ဆိုပြီး ဖုန်းချသွားပါတယ်။ ၅မိနစ်အကြာမှာ ဖုန်းထပ်ဆက်လာပြီး ရာဇဝင်ကိုကိုကိုဆက်သွယ်ပြီးပြီးလားလို့ အသံမာမာနဲ့ ထပ်ဆက်လာပါတယ် ထက်အနေနဲ့ ဖုန်းဆက်သွယ်ပေးမယ့်လို့ အာမခံပါတယ်လို့ မပြောခဲ့ဖူးကြောင်း ၊ ထက်ဆီကတောင် အရေးပေါ်လိုလို့ဆိုပြီး Kpay မှ ၁၅,၀၀၀ လှန်းချေးဖူးကြောင်း ၊ အဲ့ ၁၅၀၀၀ လည်း ပြန်မပေးကြောင်း ၊ ဖုန်းဆက်လည်း ကိုင်မှာမဟုတ်ကြောင်း ကောင်းကောင်းမွန်မွန်ရှင်းပြတာကို သူတို့ငွေပါသွားသည်ကို ထက်မှ ဘယ်လိုတာဝန်ယူပေးမှာလည်းဆိုတာကို အကြွေးရှင်က အကြွေးတောင်းသည့် လေသံဖြင့် ထက်ကို အော်ကြီးဟစ်ကျယ်ပြောဆိုလာပါတယ်။”
” ထက် ဖုန်းနံပါတ်မှ မဟုတ်ဘဲ တခြားသော သူနဲ့ဆုံဖူးသော အနုပညာရှင် ၅ ယောက်လောက်နံပါတ်တွေကိုပါ ပေးထားလို့ ဆက်သွယ်ပြီးကြောင်းပြောလာတယ် ။ ထက်မှ အာမမခံပေးနိုင်ကြောင်း တာဝန်မယူနိုင်ကြောင်း ၊ ရှိသမျှ ဖုန်းနံပါတ်ထဲမှ လူနာမည်တွေ ဖုန်းနံပါတ်တွေ ပေးခဲ့ရုံနဲ့ ယုံကြည်ပြီး ငွေချေးပီး အဲ့လူတွေကို တာဝန်ယူခိုင်း၍ မရကြောင်း ကောင်းကောင်းမွန်မွန်ရှင်းပြခဲ့ပါတယ် ။ အဲ့ချိန်မှာ သူတို့ကို တာဝန်မယူပေးဘူးဟု ပြောလိုက်လို့လားမသိ ဒေါသကြီးစွာ ရိုင်းပြစွာဖြင့် ထက်ရဲ့ ရခဲ့တဲ့ဆုတွေ နာမည်တွေကို လှောင်ပြောင်ဟားတိုက်ပီး အဆင့်မရှိတဲ့အကြောင်း ၊ ဖေတွေ မောင်တွေ ဖာတွေ စုံစိနေအောင် ငါးစိမ်းသည်ရန်ပွဲမှ ဆဲသံအစုံဖြင့် တရက်ဆက်ဆဲရေးတိုင်းထွာသွားပါတယ် ။ စောစောစီးစီး ကျက်သရေမဲ့စွာ မဆိုင်သူပတ်ရမ်းဆဲရေးတိုင်းထွာ သိက္ခာကိုစော်ကားသော AC finance မှဟုဆိုသော လူတစုနှင့် ဘယ်လောက်မှ ခင်မင်ရင်းနှီးမှုမရှိဘဲ သူငွေချေးရာတွင် ထက်၏ဖုန်းနံပါတ်အား အလွဲသုံးစားပြုလုပ်ခဲ့သော ဒါရိုက်တာ ရာဇဝင်ကိုအား ဒီထက်ပိုမို၍ တရားလွန်ရိုင်းပြမလာရန် ပြင်းထန်စွာ သတိပေးခြင်းဖြစ်ပါသည် ” ဆိုပြီး ပြောလာခဲ့ပါ တယ် ။
source : Htet Htet Htun ’ s f b
zawgyi
ထက္ထက္ထြန္း က ေတာ့ Miss Universe ၿပိဳင္ပြဲ ႀကီးမွာ ျမန္မာနိုင္ငံအတြက္ National Costume ဆုကို ဆြတ္ခူးေပးနိုင္ခဲ့တဲ့ သူတစ္ေယာက္ျဖစ္သလို ႐ုပ္ရွင္ဇာတ္လမ္းေတြရိုက္ကူးေနတဲ့ မင္းသမီးတစ္ေယာက္အျဖစ္ရပ္တည္ေနၿပီျဖစ္ပါတယ္ ။ ထက္ထက္ထြန္းဟာ “သမီးဆိုး” ဇာတ္ကားနဲ႔လည္းေအာင္ျမင္မႈေတြအႀကီးအက်ယ္ရရွိေနၿပီး အခုဆိုရင္ ပရိသတ္ေတြရဲ့ စိတ္ဝင္စားမႈကို ခံယူေနရတာပဲျဖစ္ပါတယ္။ လူစိတ္ဝင္စားမႈရလာတာနဲ႔အမၽွ နာမည္ဖ်က္အပုပ္ခ်ခ်င္သူေတြေၾကာင့္ ဒီကေန႔မွာေတာ့ ထက္ထက္ထြန္းက ေငြေရးေၾကးေရးအရႈပ္အရွင္းလုပ္ၿပီး ျပႆနာထဲဆြဲထည့္တဲ့ ဒါရိုက္တာရာဇဝင္ကိုကိုနဲ႔ ေခ်းေငြလုပ္ငန္းတစ္ခုကို တရားစြဲမယ္လို႔ သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေျပာလာပါ တယ္ ။
ထက္ထက္ထြန္း က “ဒါရိုက္တာ ရာဇဝင္ကိုကို ႏွင့္ AC Finance ေခ်းေငြလုပ္ငန္းအား တရားစြဲဆိုမည္ျဖစ္ေၾကာင္း ျပင္းထန္စြာသတိေပးျခင္း။ ၄.၂.၂၀၂၃ မနက္ ၁၀:၂၅ တြင္ က်မ ထက္ထက္ထြန္း၏ဖုန္းသို႔ ပုံပါဖုန္းနံပါတ္မွ ဖုန္းဆက္လာ၍ သူတို႔သည္ AC finance မွျဖစ္ေၾကာင္း ရာဇဝင္ကိုကိုသည္ သူတို႔ထံမွ ေငြေခ်းထားၿပီး ဆက္သြယ္၍မရေၾကာင္း ဆက္သြယ္ေပးရန္ ေျပာလာပါသည္။ သူေငြေခ်းသည့္ကိစၥ ထက္ဆီဘာလို႔ဆက္တာလည္းေမးေတာ့ သူ႔ဆီဆက္သြယ္မရရင္ ထက္ဖုန္းဆီဆက္ပါဟု နံပါတ္ေပးခဲ့လို႔ပါတဲ့။ ထက္က ရာဇဝင္နဲ႔ ႐ုပ္ရွင္တစ္ကားသာရိုက္ဖူး၍ အဲ့တစ္ႀကိမ္သာ ဆုံဖူးေသာ ဒါရိုက္နဲ႔ မင္းသမီး ဆက္ဆံေရးဘဲ ရွိေသာေၾကာင့္ ဒီကိစၥတြင္ ဘာမွ မဆိုင္ေၾကာင္း ဝင္မပါလိုေၾကာင္းေျပာေတာ့ ဖုန္းဆက္လာသူဘက္မွ ခုေျပာေနတဲ့ ထက္ထက္ထြန္းက … MUM ထက္ထက္ထြန္း ၊ NC ဆုရတဲ့ ေရႊပုံလားဆိုေတာ့ ၊ ဟုတ္ကဲ့ပါဆိုတာကို … တစ္ေယာက္က ေဘးၾကၾကားေတာ့ ေရႊပုံအိပ္ေနတာ သြားမေႏွာက္ယွက္နဲ႔ဆိုၿပီး ဖုန္းခ်သြားပါတယ္။ ၅မိနစ္အၾကာမွာ ဖုန္းထပ္ဆက္လာၿပီး ရာဇဝင္ကိုကိုကိုဆက္သြယ္ၿပီးၿပီးလားလို႔ အသံမာမာနဲ႔ ထပ္ဆက္လာပါတယ္ ထက္အေနနဲ႔ ဖုန္းဆက္သြယ္ေပးမယ့္လို႔ အာမခံပါတယ္လို႔ မေျပာခဲ့ဖူးေၾကာင္း ၊ ထက္ဆီကေတာင္ အေရးေပၚလိုလို႔ဆိုၿပီး Kpay မွ ၁၅,၀၀၀ လွန္းေခ်းဖူးေၾကာင္း ၊ အဲ့ ၁၅၀၀၀ လည္း ျပန္မေပးေၾကာင္း ၊ ဖုန္းဆက္လည္း ကိုင္မွာမဟုတ္ေၾကာင္း ေကာင္းေကာင္းမြန္မြန္ရွင္းျပတာကို သူတို႔ေငြပါသြားသည္ကို ထက္မွ ဘယ္လိုတာဝန္ယူေပးမွာလည္းဆိုတာကို အေႂကြးရွင္က အေႂကြးေတာင္းသည့္ ေလသံျဖင့္ ထက္ကို ေအာ္ႀကီးဟစ္က်ယ္ေျပာဆိုလာပါတယ္။”
” ထက္ ဖုန္းနံပါတ္မွ မဟုတ္ဘဲ တျခားေသာ သူနဲ႔ဆုံဖူးေသာ အႏုပညာရွင္ ၅ ေယာက္ေလာက္နံပါတ္ေတြကိုပါ ေပးထားလို႔ ဆက္သြယ္ၿပီးေၾကာင္းေျပာလာတယ္ ။ ထက္မွ အာမမခံေပးနိုင္ေၾကာင္း တာဝန္မယူနိုင္ေၾကာင္း ၊ ရွိသမၽွ ဖုန္းနံပါတ္ထဲမွ လူနာမည္ေတြ ဖုန္းနံပါတ္ေတြ ေပးခဲ့႐ုံနဲ႔ ယုံၾကည္ၿပီး ေငြေခ်းပီး အဲ့လူေတြကို တာဝန္ယူခိုင္း၍ မရေၾကာင္း ေကာင္းေကာင္းမြန္မြန္ရွင္းျပခဲ့ပါတယ္ ။ အဲ့ခ်ိန္မွာ သူတို႔ကို တာဝန္မယူေပးဘူးဟု ေျပာလိုက္လို႔လားမသိ ေဒါသႀကီးစြာ ရိုင္းျပစြာျဖင့္ ထက္ရဲ့ ရခဲ့တဲ့ဆုေတြ နာမည္ေတြကို ေလွာင္ေျပာင္ဟားတိုက္ပီး အဆင့္မရွိတဲ့အေၾကာင္း ၊ ေဖေတြ ေမာင္ေတြ ဖာေတြ စုံစိေနေအာင္ ငါးစိမ္းသည္ရန္ပြဲမွ ဆဲသံအစုံျဖင့္ တရက္ဆက္ဆဲေရးတိုင္းထြာသြားပါတယ္ ။ ေစာေစာစီးစီး က်က္သေရမဲ့စြာ မဆိုင္သူပတ္ရမ္းဆဲေရးတိုင္းထြာ သိကၡာကိုေစာ္ကားေသာ AC finance မွဟုဆိုေသာ လူတစုႏွင့္ ဘယ္ေလာက္မွ ခင္မင္ရင္းႏွီးမႈမရွိဘဲ သူေငြေခ်းရာတြင္ ထက္၏ဖုန္းနံပါတ္အား အလြဲသုံးစားျပဳလုပ္ခဲ့ေသာ ဒါရိုက္တာ ရာဇဝင္ကိုအား ဒီထက္ပိုမို၍ တရားလြန္ရိုင္းျပမလာရန္ ျပင္းထန္စြာ သတိေပးျခင္းျဖစ္ပါသည္ ” ဆိုၿပီး ေျပာလာခဲ့ပါ တယ္ ။
source : Htet Htet Htun ’ s f b