အခု တစ်ခါမှာဆိုရင် မြန်မာအလှမယ် မီးမီးအိအိအော င်ထွန်းကအစွမ်းကုန်ကြိုးစားခဲ့သော်လည်း နိုင်ငံ ကမွဲနေလို့ နေရာ ရရှိခဲ့ခြင်းမရှိခဲ့တဲ့ အကြောင်းကိုအခုလို ပြောပြပေးသွားမှ ာပဲဖြ စ်ပါတယ်နော် ။စေ ာက်ငမွဲနိုင်ငံက ဘာတွေ မျှော်လင့်နေတာလဲ၊ကြိုပြောပါ့မယ်၊ပွဲရှာတာ မဟုတ်ဘူး၊စိတ် ထဲမကောင်းလွန်းလို့ ရေးလိုက်ရုံပါ၊မနေ့က Miss Grand International 2022 ရဲ့ Final Show ပြီးသွား ခဲ့တယ် ။Miss ပွဲတွေ ဘာတွေကို တကူးတက လိုက်ကြည့် နေတာမဟုတ်ပေမယ့် မီဒီယာတွေကတဆင့် ဒီနှစ်တော့ ဘယ်သူ က ကိုယ့်နိုင်ငံကိုယ်စားပြု ဝင်ပြိုင်တယ်ဆိုတာလောက်ကို ကြည့်မိတယ်၊ ဒီနှစ် မြန်မာကိုယ်စားပြု သွားပြိုင်တာက ထိုင်း မြန်မာ(ကရင်) ကပြားမလေး E i Ei Aung Tun.အခုအခြေအနေမှာ မြန်မာကိုယ်စားပြုအလှမယ်က Crown ရသွားလဲ သူ့အတွက် အသိအမှတ်ပြုပြီး၊ စိတ်ကျေနပ်စရာတစ်ခု ဖြစ်ရုံလောက်ပဲ၊ မြန်မာလူမျိုး တွေအတွက်ဒီ အခြေအနေမှာ ဒါထ က်ခံစားချက် မပို နိုင်သေးဘူး၊ဒါပေမယ့် မြန်မာကိုယ်စားပြု အလှမယ်အနေနဲ့ သူ ကြိုးစားတယ် ၊ သွက်လက်တယ်၊ ပြောရရင် တန်းတစ်ခုဝင်တယ်ကွာ၊ ထိုင်း၊ အင်ဒို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဖိလစ်ပင်း… ဒီ နိုင်ငံတွေနဲ့ သူယှဉ်လို့ရတယ်၊ အားပေးနေ ကြတဲ့ နိုင်ငံတကာက သုံးသပ်သူတွေကအစ မြန်မာအလှမယ်ကို Top 20 ထဲ မှန်းချက်ပေးထားကြတာ တွေ့ရတယ်။လူတိုင်း က တော့ ကိုယ့်နိုင်ငံကိုယ်စားပြု အလှမယ်ကို ဆုတစ် ခုခု ရစေချင်ကြတာချည်းပဲ၊ တကယ့်တကယ် Winner ရသွားတာက Brazil အလှမ ယ်၊သူက တကယ်ထိုက်တန်လို့ရတယ်ဆိုတာ အားလုံးနီးပါးလက်ခံကြတယ်။
လက် မခံနိုင်ကြတာက 1st Runner Up ရသွားတဲ့ ထိုင်းအလှမယ်နဲ့ 2nd Runner Up ရသွားတဲ့ အင်ဒို အလှမယ်၊ အထူးသဖြင့် ဗီယက်နမ်တွေနဲ့ ထိုင်းတွေ Miss Grand International ပေ့ခ်ျမှာ အခုထိ ပွဲဖြစ်နေကြတုန်း၊ပွဲဖြစ်နေတဲ့ပို့စ်အောက်မှာ comment ဝင်ဖတ်ကြည့်တော့မှ ပါးစပ်အဟောင်းသားဖြစ်ခဲ့ရတာ။ 1st Runner Up ကြေညာထားတဲ့ ပို့စ်အောက်မှာဆိုလဲ ဗီယက်နမ်တွေက ထိုင်းတွေကို ရှယ်ဖဲ့နေကြတာ၊ Mr.Nawat ရဲ့မျက်နှာကြေ ာင့် ရသွားတယ်ပေါ့လေ၊ 2 nd Runner Up ကြေညာထားတဲ့ ပိုစ်အောက်မှာဆိုလဲ ပွဲစည်နေရေ ာ၊ အင်ဒို အလှမယ်ရတာကလက်ခံ ကျင်းပတဲ့ အိမ်ရှင်နိုင်ငံဖြစ် နေလို့ပေါ့ကွာ၊တချို့ မန့်တွေဆို ဖတ်ပြီး ရယ်မိတာတွေတောင်ရှိပါတယ်၊ “ပူတင်က မနက်. ဖြန် ထိုင်းနိုင်ငံကို အနုမြူဗုံးကြဲပါစေ” ဆိုပြီး ဗီယက်တွေက ထိုင်းကိုမေတ္တာပို့တာတွေလဲရှိတယ်။အဲ ဒီမှာ မြန်မာကတစ်ယော က်ကလဲ ကိုယ့်နိုင်ငံ အလှ မယ်က ဘာတစ်ခုမှ မရတော့ စကားနာထိုးတဲ့ photo comment တစ်ခု မန့်ထားတာတွေ့လိုက်တယ်၊ သူ့မန့်အောက်မှာလဲ ဝိုင်းပြီး ဆွမ်းကြီးလောင်းကြပြန်တာပေါ့၊
အဲဒီ အထိ ဘာမှမဖြစ်သေးဘူး၊ သူသူကိုယ်ကိုယ် ပို့စ်အောက်မှာ ကိုယ်ထင်ရာကိုယ်ရေးပြီးချေပကြမှာပဲ၊ ဒါပေမယ့် ဘာကို ရုတ်တရက် တွေ့လိုက်ရလဲဆိုတော့ အခုပုံမှာပြထားတဲ့ comment ပဲသူပြောထားတာကို ဘ ာသာပြန်ရရင်ကွာ ။ “ မင်းတို့လို စောက်ငမွဲနိုင်ငံကလဲ Miss Grand Winner လိုချင်တာပဲလား” ဆိုတဲ့ အဓိပ္ပါယ်ပေါ့၊ခင်ဗျားတို့တော့ မသိဘူး၊ကျနော်တော့ ထောင်းခနဲ့ ဒေါသလဲ ဖြစ်မိသလို၊ အဲလိုပြောတဲ့လူကို စိတ်ပါတိုသွားတာ၊ပြန်စဉ်းစာ းကြည့်တော့လဲ စိတ် မကောင်းဖြစ်ရရုံပါပဲ၊ဘယ်လို စိတ်မကောင်းဖြစ်သွားလဲဆိုတော့ ရပ်ကွက်ထဲမှာ ငယ်ငယ်ကတည်းကပေါင်းလာတဲ့ကောင်တွေက ပိုက်ဆံမရှိတော့ စောက်ဖက်မလုပ်၊ လူရာမသွင်းတဲ့ ခံစားချက်မျိုး။
ဘာ မှ တော့ မဆိုင်နိုင်ပေမယ့် သူပြောလဲ ပြောချင်စရာပဲလေ၊နိုင်ငံတိုင်းက ကိုယ့်နိုင်ငံ အဘက်ဘက်က တိုးတက်ဖို့အပြိုင်အဆိုင် လုပ်နေကြချိန်မှာ ကျုပ်တို့ဆီက တစ်နေ့တစ်နေ့ အချင်းချင်း သတ်ဖြ တ်လို့ ကောင်းကြတုန်း၊စောက်ဆ ရာ ကြီးတွေပေါသလောက် နိုင်ငံကဇေ. ာက်ထိုးခုန်ဆင်းနေတာကွာ၊ အရင်ကတည်းက လူရာမဝင်သေးတဲ့နိုင်ငံက အခုဆို အဘက်ဘက်မှာ အမည်ပျက်စာရင်းဝင်နေပြန်ပြီ၊ဒီလိုငမွဲနိုင်ငံလေးကို ဘယ်နိုင်ငံကမှ ထူးထွေပြီး အဖက်လု ပ် ပေါင်းမနေ ဘူးဆိုတာ ကျနော်တို့ မြင်တွေ့ရပေါင်းများလှပြီ။အ မှားပြင် နိုင်ငံက မမွဲဘူး၊ နိုင် ငံကို မွဲအောင်လုပ်နေတဲ့သူတွေကြောင့် ပြည်သူတွေမချမ်းသာတာ၊ ပြည်သူက မချမ်းသာတော့ ပြည် သူကို ကိုယ်စားပြုတဲ့ နိုင်ငံက ငမွဲနိုင်ငံပေါ့၊ ဒီမန့်ဟာ “မင်းတို့လို စောက်ငမွဲနိုင်ငံလေးက ဘာတွေမှ မျှော်လင့်မနေနဲ့” ဆိုတဲ့ message ကျနော်တို့ကိုပေးလိုက်တာပါပဲ။ ရပ်ကွက်ထဲမှာမှ မဟုတ်ပါဘူး။တခြားနိုင်ငံရောက်လို့ မင်းဟာမင်း ဘာ Branded တွေ ဝတ်ထားထား၊ မြန်မာဆိုတာနဲ့ မင်းကငမွဲကောင်ပဲ။ ငမွဲတစ်ယောက်အနေနဲ့ ဘာပြေ ာပြော အရာဝင်မှာမဟုတ်သလို အမြဲအနှိမ်ခံနေရဦးမှာပဲ။
နိုင်ငံ က လူရာဝင်ချင်ရင်တော့ ချမ်းသ ာအောင်လုပ်ရမှာပဲ။ ချမ်းသာဖို့ကလဲ အရင်ဆုံးလိုအပ်ချက်က တိုင်းပြည်အမြန်ငြိမ်းချမ်းဖို့။ နောက်တ စ်ခုက တိုင်းပြည်ဘဏ္ဍာမှန်သမျှ ကိုယ့်အိတ်ထဲပဲ ထည့်နေတဲ့သူတွေ ပလ္လင်ပေါ်ထိုင်မနေဖို့။ဒီတော့ ငါတို့မှာ တခြားရွေးချယ်စရာမှ မရှိတော့တာ။ဘာတဲ့ ခင်ဗျားတို့ကျနော်တို့ ခဏခဏ ငှားသုံးနေတဲ့ ဘီလ်ဂိတ်ရဲ့စကား “ဆင်းဆင်းရဲရဲမွေးလာတာ မင်းအပြစ်မဟုတ်ဘူး၊ ဆင်းဆင်းရဲရဲသေသွားရင်တော့ မင်းအပြစ်ဖြစ်သွားပြီ” တဲ့။အဲလိုပဲ ပြောရမယ်ဆို ဆင်းဆင်းရဲရဲတိုင်းပြည်မှာ မွေးလာတာ ကျုပ်တို့အပြစ်မဟုတ်ဘူး၊ ကျုပ်တို့ သေသွားတဲ့အထိ တိုင်းပြည်ဆင်းရဲနေရင်တော့ကျုပ်တို့တစ် မျိုးဆက်လုံး စောက်သုံးမကျလို့ပဲပေါ့။ ဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးမျ ားအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
Crd : mdatenews
zawgyi
Crd : mdatenews